featuredcollectives.com
Street Photography ရဲ့ သမိုင်း - အပိုင်း (၂) - Featured Collectives
၁၁။ လူမှုဗေဒနဲ့ Street Photography Street Photography မှ ချဉ်းကပ်ပုံ ချဉ်းကပ်နည်း အမျိုးမျိုး ရှိကြပါတယ်။ စိတ်ဝင်စားဖွယ် အခိုက်အတန့်များ၊ သမိုင်းဖြစ်ရပ်၊ အမြင်ပုံရိပ်များ ဒါမှမဟုတ် လူမှုရေးဆိုင်ရာများကို မှတ်တမ်းတင်ရတာကို စိတ်ဝင်စားကောင်း ဝင်စားနိုင်ပါတယ်။ Lewis Hine ကတော့ လူမှုဗေဒဘက် အားသန်တဲ့ Street Photographer တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ဓာတ်ပုံတွေဟာ စိတ်ဝင်စားဖို့ကောင်းပြီး ကောင်းစွာဖွဲ့စည်းထားရုံမက လေးနက်တဲ့အဓိပ္ပါယ်တွေဖော်ပြနိုင်ဖို့လည်း အားထုတ်ထားပါတယ်။ သူ့ရဲ့ပုံတွေက အခြားသူများကို လူမှုအခြေအနေတစ်ခုအကြောင်း သတင်းပေးနိုင်တဲ့ပုံများအဖြစ် ဖန်တီးလိုပါတယ်။ ပြီးတော့ သူ့ပုံများက လူမှုအဖွဲ့အစည်းတစ်ခုအတွင်းမှာ အပြောင်းအလဲတွေဖြစ်စေတဲ့ ပုံများဖြစ်လိုပါတယ်။ Hine အနေနဲ့ …