zlkontempo.com
လမ်း/တံတား
တံတားပေါ်အရှိန်နဲ့ကားအတက် တံတားထိပ်ကခွေးတစ်အုပ်ဆင်းအလာ ကားဟာတစ်ခုခုပေါ်တက် ကြိတ် အပြီး လမ်းပေါ်တာယာခံပြန်ကျအသွား အူသံဟာလမ်းတလျှောက်အလျား တံတားဘေးဘုန်းကြီးကျောင်း အမိုးပြားပေါ်ကဆင်းတုတော် လမ်းမီးတွေအလင်းဟပ် ပြုံးလျက်သား တံတားထိပ်ကခွေးတစ်အုပ်အဆင်း ကားတစ်စင်းအရှိန်နဲ့တက်အလာ ခွေးဟာတစ်ခုခုထိပြီး... #poetry
zlkontempo