zlkontempo.com
ရှေ့တန်းမှာ အလောင်းကောက်သူ
သေသွားရင် ရာထူးချင်း အတူတူပဲ ကတုတ်ကျင်းထဲ ဆွဲယူပြီး ထောင်မတ်ထားရတယ် အလောင်းတစ်လောင်းစီ တန်းစီစနစ် ငါလည်း နေရာဝင်ယူလိုက်တယ် လက်နက်မရှိတော့လို့ ညာဘက်လက်မောင်းကိုပဲ သေနတ်တစ်လက်လို ဆန့်တန်းထားလိုက်တယ် ဘေးကရဲဘော်လေးဟာ ပုပ်စပြုနေပြီ သူ့လက်ထဲက သောက်လက်စဆေးလိပ်ကို ယူဖွာလိုက်တယ် ရှိုက်လိုက်တယ်... #poetry
zlkontempo